Community Based Forestry (CBF) ဒေသခံပြည်သူအခြေပြု သစ်တော လုပ်ငန်း အကဲဖြတ်ဆန်းစစ်ခြင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ဒေသခံအခြေပြုသစ်တောလုပ်ငန်းအကဲဖြတ်ဆန်းစစ်ခြင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ၂၀၁၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါန၊ သစ်တောဦးစီးဌါန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ RECOFTC မြန်မာနိုင်ငံအစီအစဉ်မှ ဌါနေအစီအစဉ်ညှိနှိုင်းရေးမှူးနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအရှိန်မြှင့်တင်မှု စီမံကိန်း (SUComFor) က ကွင်းညှိနှိုင်းရေးမှူးများ နှင့် ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများပါဝင်သည့် သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် သစ်တောဦးစီးဌါန၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် RECOFTC – The Center for People and Forests တို့ ပူးပေါင်းပြီး ဒေသခံပြည်သူအခြေပြု သစ်တောလုပ်ငန်း အကဲဖြတ်ဆန်းစစ်မှု (Community Based Forestry Assessment- CBF) ဆိုင်ရာ ကနဦး ဆွေးနွေးပွဲများမှ တစ်ဆင့် စတင်အခြေပြု ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

CBF ၏ အရေးပါပုံများ နှင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကို ဖော်ထုတ်ဆွေးနွေးခြဲ့ကပြီး ဆွေးနွေးပွဲများ၏ ရလဒ်များအရ (CBF) ကို စာတွေ့သာမက လက်တွေ့အသုံးချနိုင်ရေးအတွက် သင်တန်းတစ်ခုကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက နေပြည်တော်တွင် သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

သင်တန်းပြီးဆုံးသည့်အခါ သင်တန်းသားများအား FAO ၏ ပုံစံများအားအသုံးပြု၍ မိမိတာဝန်ကျရာ အရပ်ဒေသများတွင် ပြန်လည်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းအား စမ်းသပ်ဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့ပါသည်။ ရရှိလာသော အချက်အလက်များကို ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အဓိကထား၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ၏ ရလဒ်များအား RECOFTC – The Center for People and Forests  အနေဖြင့် Community Forestry National Working Group (CFNWG) သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ CBF Assessment ပြုလုပ်ခြင်းဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တာလုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်မည့် ကနဦးခြေလှမ်းဖြစ်ပါသည်။